Yatanarpon Teleport

For Your Information

ရတနာပုံတယ်လီပို့၏ ဝန်ဆောင်မှုများကို အသုံးပြုနေသော Customer များ ပိုမိုအဆင်ပြေစေရန်အတွက် အဆင့်မြင့် စနစ်တစ်ခု စတင်သုံးစွဲနေပြီ ဖြစ်ပါသည်။ Customer များ အနေဖြင့်
- လစဉ် အသုံးပြုနေသော Internet planအား Upgrade (သို့မဟုတ်) Downgrade ပြုလုပ်လိုလျှင် ဖြစ်စေ
- လိုင်းယာယီ ရပ်ဆိုင်းခြင်း၊ အပြီး ပိတ်သိမ်းခြင်းနှင့် လိုင်းပြန်လည်ဖွင့်ခြင်းများ ပြုလုပ်လိုလျှင် ဖြစ်စေ
လစဉ်(ရုံးဖွင့်ရက်) မည်သည့်နေ့တွင်မဆို YTP ၏ အရောင်းရုံးခွဲများတွင် လာရောက်ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။

Changes တစ်ခုခုပြုလုပ်မည်ဆိုပါက သုံးစွဲပြီးသည့်ရက်အထိ အသုံးပြုခဲ့သော Plan အတိုင်း လစဉ်ကြေး ရက်တွက်ဖြင့် ပေးဆောင်ပြီးမှသာ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

-လိပ်စာပြောင်းလဲ၍ သုံးစွဲလိုပါကလည်း YTP ၏ အရောင်းရုံးခွဲများတွင် လျှောက်လွှာတင်နိုင်ပါသည်။ လိပ်စာအသစ်တွင် YTP Network ရှိထားပြီးဖြစ်ပါက နှစ်ပတ်အတွင်းပြောင်းလဲ တပ်ဆင်ပေးမည် ဖြစ်ပါသည်။ ထိုနှစ်ပတ်အတွင်း လိပ်စာအဟောင်းတွင် အသုံးမပြုလိုပါက လိုင်းယာယီ ပိတ်ထား မှ သာလျှင် ထိုရက်အတွက် လစဉ်ကြေး ဆောင်ရန်မလိုမည်ဖြစ်ပါသည်။

Request Customer Information

Customer များ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ရတနာပုံတယ်လီပို့ ၏ လစဉ်လတိုင်းပေးဆောင်ရမည့် Bill Invoice များကို ယခင် Door To Door  ပေးပို့နေသော စနစ်မှ SMS  နှင့် Email စနစ်ဖြင့် ဖေဖော်ဝါရီလမှ စတင်ပေးပို့သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
သို့ဖြစ်ပါ၍ လူကြီးမင်းတို့၏ Customer ID , Mobile Number , Email Address များကို Customer Care ဖုန်းနံပါတ်များဖြစ်သည့် 09964812301~3 သို့ ဆက်သွယ်၍သော် လည်းကောင်း ၊ Yatanarpon Teleport ၏ Facebook Messenger မှလည်းကောင်း ပေးပို့ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

February လ အတွက် အထူး Promotion

ကနဦးတပ်ဆင်ခ အခမဲ့ ( Installation Charges Free )
စက်ပစ္စည်း ကြိုးဖိုး ကုန်ကျစရိတ် အခမဲ့ ( Device and Cable Charges Free ) ရရှိမှာ ဖြစ်လို့
ဈေးအချိုဆုံး စိတ်ကြိုက် အဝသုံး YTP ၏ " ဖိုင်ဘာ အင်တာနက် FTTx " ကို အခုပဲ ရယူလိုက်ပါ .....

FTTx Plan အလိုက် လစဉ်ကြေးများ

1Mbps -> 30,000 Ks
2 Mbps -> 45,000 Ks
4 Mbps -> 72,000 Ks
6 Mbps -> 87,500 Ks
8 Mbps -> 99,000 Ks
10 Mbps -> 120,000 Ks
20 Mbps -> 240,000 Ks
30 Mbps -> 360,000 Ks
40 Mbps -> 480,000 Ks
50 Mbps -> 600,000 Ks

YTP Internet Bill

YTP ၏ အင်တာနက်လိုင်းကို အသုံးပြုနေသော Customer များအနေဖြင့် ဇန်နဝါရီလ အတွက် လစဉ်ကြေး ပေးဆောင်လိုပါက ဖေဖော်ဝါရီလ(၁)ရက်နေ့မှ (၂၅)ရက်အတွင်း သက်ဆိုင်ရာအရောင်းဌာနခွဲများမှဖြစ်စေ KBZ Quick Pay မှဖြစ်စေ ဘေလ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သတ်မှတ်ရက် ကျော်လွန်သွားပါက ယာယီလိုင်းဖြတ်တောက်မည် ဖြစ်ပါသောကြောင့် ဇန်နဝါရီလ၏ အင်တာနက်ဘေလ်အား ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နောက်ဆုံးထား ပေးဆောင်ပေးကြပါရန် ထပ်မံအသိပေး အကြောင်းကြားလိုက်ပါသည်။

YTP ၏ အင်တာနက် ဝန်ဆောင်မှုကို အစဉ်အမြဲသုံးစွဲလျက် ရှိသော Customer များအတွက် အထူး သတင်းကောင်း

ရတနာပုံတယ်လီပို့ ၏ အင်တာနက်ဝန်ဆောင်မှုများကို ကြိုတင်ငွေပေးသွင်း၍ အစဉ်အမြဲအသုံးပြုလျက်ရှိသော လက်ရှိ Customer များအား YTP မှ

(၆)လစာ ကြိုတင်ငွေ ပေးဆောင်မှု အတွက် ၅ ရာခိုင်နှုန်း
(၁)နှစ်စာ ကြိုတင်ငွေ ပေးဆောင်မှု အတွက် ၁၀ ရာခိုင်နှုန်း

စသည့် ဖော်ပြပါ ရာခိုင်နှုန်းများအတိုင်း 2017 ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့မှ စတင်၍ Discount ပေးထားပြီဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

လေးစားစွာဖြင့်
ရတနာပုံတယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်