Yatanarpon Teleport

ရတနာပုံတယ်လီပို့၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆက်သွယ်နိုင်မည့် ရုံးခွဲများ

ရတနာပုံတယ်လီပို့ ၏ ဝန်ဆောင်မှုကို သုံးစွဲလျက်ရှိသော Customer များအား ကျေးဇူးတုံ့ပြန်သော အားဖြင့် ပိုမို မြန်ဆန်သည့် အင်တာနက် ဝန်ဆောင်မှုများကို သက်သာသောနှုန်းထားဖြင့် ပြောင်းလဲဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

အသေးစိတ် သိရှိလိုပါက -
ရတနာပုံတယ်လီပို့ ဗဟန်းရုံး (၀၁-၄၄၁၆၆၀၀၊၀၁-၄၄၁၆၆၀၁)၊
ပန်းဆိုးတန်းရုံး (၀၁-၃၇၆၂၂၁ ၊ ၀၁-၃၇၅၅၀၇)၊
မြေနီကုန်းရုံး (၀၁-၂၃၀၆၂၅၃~၅၄)၊ 
တာမွေရုံး (၀၉-၉၆-၄၄၁၆၆၀၃) ၊
SOSC   မန္တလေး ( ၀၂-၆၄၀၀၁~၅ ) နှင့်
မင်္ဂလာမန္တလေးရုံး (၀၁၁-၂၀၂၄၅၆၊ ၀၁၁-၂၀၂၄၅၇၊ ၀၂-၂၀၀၀၀၄၀) သို့ 
နေ့စဉ် နံနက် ၉:၀၀ နာရီမှ ၅:၃၀ နာရီအတွင်း 
( စနေ ၊ တနင်္ဂနွေ နှင့် အများပြည်သူ ရုံးပိတ်ရက် များမှ အပ ) ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါသည်။

ကျေးဇူးတင်စွာဖြင့် 
ရတနာပုံတယ်လီပို့ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်

2600 MHz လှိုင်းနှုန်းစဉ် လေလံရလဒ် သတင်းထုတ်ပြန်ကြေညာခြင်း

     ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန သည် 2600 MHz လှိုင်းနှုန်းစဉ်လေလံအား နေပြည်တော်ရှိ The Hotel Royal ACE တွင် ၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလ (၁၇) ရက်နေ့ ၊ နံနက် (၉:၀၀) နာရီတွင် စတင်ပြုလုပ်ခဲ့ရာ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကုမ္ပဏီ (၉) ခုမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။  ပထမနေ့ အစီအစဉ်အား (၁၉:၁၅) နာရီတွင် ခေတ္တရက်နားခဲ့ပြီး Round (၁၁)  ခုဆောင်ရွက်နိုင်ခဲ့ပါသည်။ လေလံအား ၂၀၁၆ ခုနှစ် ၊အောက်တိုဘာလ (၁၈) ရက်နေ့ နှင့် (၁၉) ရက်နေ့များတွင် အဆိုပါ ဟိုတယ်၌ ဆက်လက် ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ (၁၉)ရက်နေ့ (၁၅:၀၀) နာရီတွင် Round (၃၂) ခုဖြင့် လေလံအား အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ 

   2600 MHz လှိုင်းနှုန်းစဉ်လေလံအား Simultaneous Multiple-Rounds Ascending Auction (SMRA) စနစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၊ အဆိုပါ လေလံတွင် Lot အလိုက် အောင်မြင်သည့် ကုမ္ပဏီများ စာရင်းမှာ အထက်ပါ စာရင်းအတိုင်း ဖြစ်ပါသည်။ 

   ဖော်ပြပါ လေလံအောင်မြင်သူများအား သက်တမ်း (၁၅) နှစ်ရှိသည့် လှိုင်းနှုန်းစဉ် အသုံးပြုခွင့် ခွင့်ပြုပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန

ရတနာပုံတယ်လီပို့ မြန်နှုန်းမြှင့် အင်တာနက် ဝန်ဆောင်မှု မကြာမီ စတင်မည်

    ရတနာပုံတယ်လီပို့အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်သည် Fixed Broadband Internet Service ၊ Wireless Broadband Internet Service စသည့် မြန်နှုန်းမြှင့် အင်တာနက်ဝန်ဆောင်မှုများကို ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စတင် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။